Sunday, January 4, 2009

အချိုကြိုက်တဲ့ ဂန္ဒီ

ဂန္ဒီဆိုရင် လူကြီးတွေတင်မကဘူး ကလေးတွေကပါ ချစ်ခင်လေးစားကြပါတယ်။

တစ်နေ့တော့ ကလေးအမေတစ်ယောက်က သူ့ကလေးကို လက်ဆွဲပြီး ဂန္ဒီဆီလာပါသတဲ့။

ကလေးက အချိုတွေအရမ်းစားလို့ ဂန္ဒီ ဆုံးမပေးပါလို့ဆိုပါတယ်။

အဲဒီတော့ ဂန္ဒီကပြန်ပြောတယ်။ နောက်တစ်လနေမှ ပြန်လာခဲ့တဲ့။

တစ်လပြည့်လို့ သားအမိနှစ်ယောက်ပြန်လာကြတော့ ဂန္ဒီက ကလေးကို ကြည့်ပြီး

'ကလေး အချိုတွေ မစားနဲ့တော့နော်' လို့ကြင်ကြင်နာနာပြောသတဲ့

အဲဒီတော့ ကလေးက ဟုတ်ကဲ့ပါ လို့ပြောတယ်

အဲဒီမှာ ကလေးအမေက ဂန္ဒီရယ် ဒါလေးပြောဖို့များ ပြီးခဲ့တဲ့လ လာတုန်းကတည်းကပြောရောပေါ့လို့ပြောသတဲ့

ဂန္ဒီပြန်ပြောတာက ... အေး အဲဒီလို ကလေးကို အချိုမစားနဲ့လို့ပြောဖို့ ငါကိုယ်တိုင်အချိုရှောင်နိုင်တဲ့သူဖြစ်အောင်

တစ်လလုံးကြိုးစားရသေးတယ်ဟ. . တဲ့

ဖတ်ဖူးတဲ့ စာတစ်ပိုဒ်လေးကို မှတ်မိသလို ပြန်ရေးထားတာပါ

ကဲ ကျွန်တော်တို့ရော သူများကို ဆရာလုပ်ဖို့ ကိုယ်ကိုယ်တိုင် အဲဒီလို အမှားမျိုးနဲ့ ကင်းရဲ့လားလို့ ဘယ်နခါများ ပြန်ဆန်းစစ်ဖူးပြီလဲ

သူများကို ဝေဖန်ဖို့လုံလောက်တဲ့ အရည်အချင်းရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖူးပြီလား

သူများကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကိုယ်လက်မထောင်ရဲပြီလား။

သေချာတွေးရင် ကိုယ်က သူများကို ဝေဖန်လိုက်ပေမယ့် ကိုယ့်မှာလည်း အဲဒီအားနည်းချက်တွေရှိနေတတ်ပါတယ်

သူ့ကို ဘယ်လိုလူမျိုးလို့ မဝေဖန် မရှုံ့ချခင် ကိုယ်ကရော အဲဒီလိုလူမျိုး မဟုတ်တာသေချာရဲ့လားလို့ အရင်ပြန်သုံးသပ်တတ်ရင်

်သူများကို ဝေဖန်စရာ ရှိမှာတောင်မဟုတ်ဘူးလို့ထင်ပါတယ်။

အဲဒါကြောင့် သူများကို ဝေဖန်တော့မယ်ဆိုရင် အထက်က ဂန္ဒီရဲ့ပုံပြင်လေးကို သတိရစေချင်ပါတယ်။

သူများဘက်ကို လက်ညှိုးတစ်ချောင်း မထိုးခင် အဲဒီလက်ညှိုးကိုယ့်ကိုယ်ကိုယ် ပြန်ထိုးရဲတတ်ကြပါစေ။

3 comments:

သက်နိုင် said...

ကြိုက်တယ်။

မောင်ရှင်းသန့် said...

မှန်ပါတယ်ခင်ဗျာ .... ။

သူများ အကြောင်းကို ဝေဖန်လွန်းရင် ကိုယ့် အကြောင်းကို တော့ (များသောအားဖြင့်) မေ့တတ်နေကြတယ်ဗျ ။

ဒါမျိုး ပို့စ်လေး တွေ နောက်ထပ် မျှော်လင့်လျှက်

Min Myat Soe said...

Post ကောင်းလေး ဖတ်သွားပါတယ်ဗျာ