Friday, July 9, 2010

ပြတ်ရွေ့တောင်တန်းများ

ဆာလောင်မွတ်သိပ်စွာနဲ့ ရှာဖွေကြ
ချုပ်နှောင်ကာရံထားတာတွေ ဖြိုဖျက်ချ
တစ်ယောက်က ချောင်းကြည့်
တစ်ယောက်က ခေါင်းပြူကြည့်
Freedom of Expression
Freedom of Religion
Freedom from Want
Freedom from Fear
Freedom from ..
Freedom Fr..
Free...
Free..
စည်းလေးနည်းနည်းချဲ့
". . . . . . "
ဘောင်လေးနည်းနည်းတိုးရွှေ့
". . . . "
Dimension ရွှေ့ကြည့်
Angle တွေ change ကြည့်
Hunger for change
Hunger for Something New
ဘုရား ဘုရား အပြင်းစားရောဂါတွေပါလား
ငါ့ဗိုက်ထဲမှာလည်း "အသစ် အသစ် အသစ်" လို့
တကြုတ်ကြုတ်မြည်တဲ့ ဗိုင်းရပ်စ် တွေ
နားလည်စမ်းပါ
အများညီရင် ( ဤ )လည်း ကျွဲ ဖြစ်တယ်
လက်တို့ကြ
ခေါင်းညိတ်ကြ
ပန္နက်ချကြ
နယ်မြေသစ်တည်ထောင်ကြ
အော်နေတုန်းပဲ "လွတ်မြောက်ခြင်း"တဲ့
ခပ်တည်တည်ပဲ
ဘောင်တစ်ခုက ရုန်းထွက်ပြီး
ဘောင်အသစ်ထဲ ကိုယ့်ကိုယ်ကို ထည့်ပိတ်ကြတယ်။
(လင်းပွင့်လက်များအဖွဲ့ရဲ့ ပထမဦးဆုံး underground ကဗျာစာအုပ် "ခြစ်ရာ ၁ ၂ ၃ ၄ စသည်ဖြင့်" အတွက် ကဗျာဖြစ်ပါတယ်။ ၀ယ်ယူအားပေးလိုသူများ ၊ T9 CyberCafe ၊ သံသုမာလမ်း ၊
ပြည်ထောင်စုခုံးတံတားအနီး ၊ သုဝဏ္ဏမြို့ နယ်တွင် ၀ယ်ယူနိုင်ပါတယ်။)

5 comments:

Anonymous said...

Nice !

တေဇာ (လရောင်လမ်း) said...

Too Big သီချင်းကို သတိရသွားတယ်။း)

မမပြာ said...

ဖရီး ဖရီးဒန်း...

နေမိုးဝေ said...

စာအုပ် အသံကြားကတည်းက လာဝယ်ဖို့ ကြိုးစားနေတာ
ဘယ်လိုမှ အဆင်မပြေဘူး။
တခြား မြို့ ထဲနဲ့ နီးနီး နားနား ဘယ်မှာဝယ်လို့ ရနိုင်မလဲ
ကျွန်တော် က အဲဒီလို underground ကဗျာ စာအုပ်တွေ
ရနိုင် သမျှလိုက်စုတယ်

နေမိုးဝေ said...

စာအုပ် အသံကြားကတည်းက လာဝယ်ဖို့ ကြိုးစားနေတာ
ဘယ်လိုမှ အဆင်မပြေဘူး။
တခြား မြို့ ထဲနဲ့ နီးနီး နားနား ဘယ်မှာဝယ်လို့ ရနိုင်မလဲ
ကျွန်တော် က အဲဒီလို underground ကဗျာ စာအုပ်တွေ
ရနိုင် သမျှလိုက်စုတယ်