Tuesday, March 3, 2009

နေ့စွဲမတပ်ထားသောစာမျက်နှာ

(၀းဝ)
အလွမ်းတစ်ခွက်မှာ
အတ္တတစ်ဆပေါင်းထည့်
ပြီးတော့ မာနနဲ့ ရောမွှေ
ရှိုက်သံတွေမှာတောင် ငိုခြင်းက မပီပြင်ဘူး

(၁း၁)
အတိတ်ကို ဖုန်းခေါ်မိတိုင်း
လူကြီးမင်းနဲ့တိုးတယ်
ဝမ်းနည်းပါတယ်
ငါ့ထဲမှာ ငါမရှိသေးဘူး
တစ်ကမ္ဘာလောက်နေရင် ပြန်ခေါ်ကြည့်လေ

(၁း၂)
အလွမ်းတွေလား
မေးရတာ လျှာတောင်ခါးတယ်
ငါ့အတွက်မပူပါနဲ့
နင်မရှိလည်း ထမင်းနှစ်နပ်စားမှာပါ
(ဟင်းတစ်ခွက်တော့ တိုးလာတာပေါ့လေ)

(၂းဝ)
အချစ်စစ်စစ်မှာ နဖူးစည်းမရှိဘူး
အချစ်စစ်စစ်မှာ မှတ်ပုံတင်မပါဘူး
ယုံကြည်မှုဆိုတာ ယုံတုန်းပဲကြည်တာ
နင်ပြောတာငါကြားဖူးပါတယ်
ဟိုဟာက ဟိုစာအုပ်ထဲက
ဟိုစကားလုံးက ဟိုစာရေးဆရာလေသံ
ဟိုတစ်ခုက မြန်မာကားထဲက အကွက်တွေလေ

(၂း၁)
ဒိုင်ယာလော့တွေရွတ်ပြမနေနဲ့
သရုပ်ဆောင်လွင်ပြင်က အကဲဖြတ်ဒိုင်မဟုတ်ဘူး
ဇာတ်မနာနာအောင် ဖွဲ့ရအောင်လည်း
မိုးမိုးအင်းလျား ဝတ္ထုတိုပြိုင်ပွဲမဟုတ်
မှားယွင်းမှုယုတ္တိဗေဒမှာ ဒါနံပါတ်(၃)ပဲ

(၂း၂)
အခွံတွေချည်းပဲလား
ငါ့နားက ဆင်ဆာဖြတ်တာနဲ့ ကုန်ပြီ
မမြင်ရတိုင်းလည်း မရှိဘူးပဲအော်မနေနဲ့
မကြားရပေမယ့် နားငြီးတယ်

(၀း-၁)
မှတ်ချက်။
မိုးရာသီတွင် မိုးရွာခြင်းမဟုတ်။
မိုးရွာသောရာသီကိုသာ မိုးရာသီဟုခေါ်ပါသည်။


ပီတိ(စိတ်ပညာ)

6 comments:

Unknown said...

lan la. che. lar ha.
:)

Anonymous said...

ပြောပေါ့မယ်ပီတိရယ်
ရှင့်ကဗျာလေးက စာလုံးတွေအားရှိနေတော့
တကယ်ပါ
ဒီကဗျာလေးကိုတော်တော်ကြိုက်တယ်
စကားလုံးသုံးစွဲပုံ
တင်ပြပုံ
အယူအဆ ဘာမှပြောစရာမရှိ
ကိုယ်တစ်ဦးတည်းအမြင်ပြောတာနော်
လွတ်လပ်စွာကွဲလွဲပါ
မှတ်ချက် ဒေါ်ပီတိ ရွဲ့တာမဟုတ်နော်
တကယ်ကြိုက်၏
ကောင်း၏
ကျုပ်ကိုလဲဝေဖန်ပေးတာကျေးဇူးတင်၏
လာလည်၏
အိုကေသွား၏
မန့်ရတာလေ

ဘာတွေတုန်း said...

အလွမ်းတွေလား
မေးရတာ လျှာတောင်ခါးတယ်
ငါ့အတွက်မပူပါနဲ့
နင်မရှိလည်း ထမင်းနှစ်နပ်စားမှာပါ
(ဟင်းတစ်ခွက်တော့ တိုးလာတာပေါ့လေ)

အဲ့တစ်ပိုဒ် စာသားလေးတော်တော်မိုက်တယ်။ အမှန်တော့ တစ်ပုဒ်လုံးကြိုက်တယ်။ အဲ့နားလေးတော့ အခိုက်ဆုံးပဲ။

မောင်ရှင်းသန့် said...

`မိုးရာသီတွင် မိုးရွာခြင်းမဟုတ်။
မိုးရွာသောရာသီကိုသာ မိုးရာသီဟုခေါ်ပါသည်။´

ဟုတ်တယ်ဗျ ။

ကျနော်လည်း မိုးရာသီကို ဒီလိုပဲ နာမည်ပေးချင်တယ် :)

htikeaung said...

Like it moe Yar thee Ko Pyaw twar dar good tal

htikeaung said...

Like it moe Yar thee Ko Pyaw twar dar good tal