လွမ်း ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်းလွမ်း ရင်ထဲရှိတဲ့ ဒီဇာတ်လမ်းကိုတိုးကြီးသီချင်းကို သတိတရ ဆိုသွားသည်။
အပြိုင်တွေ လွမ်းကြတာပေါ့ တိတိရယ်နော်ရော့တိတိ အတွက် တီ့ လွမ်းလက်ဆောင်လေးလွမ်းအောင်ပေးလို့လွမ်းတဲ့သူမှာလွမ်းနေရှာတယ်ဒီမောင်ဘယ်လိုလုပ်ရပါ့Sunday, February 1, 2009လွမ်းစာ အမှတ် ( ၂ ) လွမ်းစာ အမှတ် ( ၂ )တိုင်းရွှေပြည်တော် မျှော်လေတိုင်းဝေလွမ်းငွေ့ကတဝေေ၀မောင်ဖုန်းမှာတစ်ကောင်တည်းနွမ်းလျ လို့ဆွေးခုချိန်ဆိုနေခြည်ညောင်းပြီပေါ့လုံမပျို ပျိုဖော်တစ်စုရွာထိပ်ကရေထမ်းပြန်လာညရောက်လုလေးဆီမီးတိုင် ကညင်ခွက်ရယ်နဲ့အိမ်ထဲမှာ ထိုင်ကာ မင်းကိုပါ့ဟိုတစ်ချိန် တို့မိသားစုဝိုင်းဖွဲ့လို့လွေးရွှေ မြို့တော်ပေါ် နေ၀င်သွားချိန်တိုင်းရထားကို ဓါတ်နဲ့စီးရတယ်မောင်ဖုန်းမှာတကိုယ်တည်းထီးတည်းပေါ့ငေးအိမ်ရောက်ရင် ရေအလျှင်ချိုးပါမှလက်ထဲမှာအိမ်ပါ အလုပ်တွေနဲ့ထမင်းကို နောက်မှစားရမယ်မောလုလုအတွေးဘ၀ကိုဒီလိုဖြတ်မယ်လို့ဘယ်သောအခါ ကြံကာမထားပါဘုမောင်ဖုန်းမှာ ငိုချင်းချရတယ်ဆိုးလိုက်တဲ့ အရေး။ ။A Chen6:30 pm, 31st Jan 2009On the way back to Bangkok from Ayuttaya Posted by အန်တီချမ်း at 8:17 AM Labels: ကဗျာများ
လ ၀ ဆွဲ မ သပ် လွမ်း...အမောင်ပီတိ လွမ်းအားေးကာင်း၏။
အင်း အနော့်အတွက်တော့ လွမ်းနေပေမယ့်လည်း ဘာကိုလွမ်းနေမှန်းမသိ အောင်ကိုလွမ်းနေတာ...။ လူတစ်ယောက်...၊ အရပ်ဒေသတစ်ခုခု...။ အချိန်ကာလတစ်ခုခု...။ ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင်ပြလို့မရဘူးဖြစ်နေတယ်။အော်တိုမစ်တစ်အလွမ်း၊ အော်ရယ်ဂျင်နယ်အလွမ်း၊ အုန်းကျွန်းအလွမ်း၊ မွေးရာပါအလွမ်းဝေဒနာသည်..၊ ခက်တော့ခက်ပါတယ်...။ ဖြေဆေးလေးတစ်ခုခု (မရှိမှန်းသိရက်နဲ့)ရှိရင် ပေးသနားကြပါ...။ ကိုကိုတို့မမတို့ကိုကြည့်ရတာ အလွမ်းပါရမီ၊ အလွမ်းဓာတ်ခံ၊ အလွမ်းရေခံမြေခံ၊ အလွမ်းနယ်ပယ်၊ အလွမ်းပါဆွန်နယ်လတီ.......၊ (ပြောမကုန်တော့ဘူး) အနော့်ထက်ကောင်းပုံရကြတယ်။ အပြည်ပြည်ဆိုင်ရာအလွမ်းဝေဒနာရှင်များအသင်း ဖွဲ့စည်းမည်ဆိုရင်လည်း အနော့်ကို အရံအသင်းဝင်အဖြစ်စဉ်းစားပေးဖို့ မေတ္တာရပ်ခံပါတယ်။ လွမ်းလျှက်......။
Post a Comment
4 comments:
လွမ်း ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း
လွမ်း ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
ကိုတိုးကြီးသီချင်းကို သတိတရ ဆိုသွားသည်။
အပြိုင်တွေ လွမ်းကြတာပေါ့ တိတိရယ်နော်
ရော့တိတိ အတွက် တီ့
လွမ်းလက်ဆောင်လေး
လွမ်းအောင်ပေးလို့
လွမ်းတဲ့သူမှာ
လွမ်းနေရှာတယ်
ဒီမောင်ဘယ်လိုလုပ်ရပါ့
Sunday, February 1, 2009
လွမ်းစာ အမှတ် ( ၂ )
လွမ်းစာ အမှတ် ( ၂ )
တိုင်းရွှေပြည်တော် မျှော်လေတိုင်းဝေ
လွမ်းငွေ့ကတဝေေ၀
မောင်ဖုန်းမှာတစ်ကောင်တည်း
နွမ်းလျ လို့ဆွေး
ခုချိန်ဆိုနေခြည်ညောင်းပြီပေါ့
လုံမပျို ပျိုဖော်တစ်စု
ရွာထိပ်ကရေထမ်းပြန်လာ
ညရောက်လုလေး
ဆီမီးတိုင် ကညင်ခွက်ရယ်နဲ့
အိမ်ထဲမှာ ထိုင်ကာ မင်းကိုပါ့
ဟိုတစ်ချိန် တို့မိသားစု
ဝိုင်းဖွဲ့လို့လွေး
ရွှေ မြို့တော်ပေါ် နေ၀င်သွားချိန်တိုင်း
ရထားကို ဓါတ်နဲ့စီးရတယ်
မောင်ဖုန်းမှာတကိုယ်တည်း
ထီးတည်းပေါ့ငေး
အိမ်ရောက်ရင် ရေအလျှင်ချိုးပါမှ
လက်ထဲမှာအိမ်ပါ အလုပ်တွေနဲ့
ထမင်းကို နောက်မှစားရမယ်
မောလုလုအတွေး
ဘ၀ကိုဒီလိုဖြတ်မယ်လို့
ဘယ်သောအခါ ကြံကာမထားပါဘု
မောင်ဖုန်းမှာ ငိုချင်းချရတယ်
ဆိုးလိုက်တဲ့ အရေး။ ။
A Chen
6:30 pm, 31st Jan 2009
On the way back to Bangkok from Ayuttaya
Posted by အန်တီချမ်း at 8:17 AM
Labels: ကဗျာများ
လ ၀ ဆွဲ မ သပ် လွမ်း...
အမောင်ပီတိ လွမ်းအားေးကာင်း၏။
အင်း အနော့်အတွက်တော့ လွမ်းနေပေမယ့်လည်း ဘာကိုလွမ်းနေမှန်းမသိ အောင်ကိုလွမ်းနေတာ...။ လူတစ်ယောက်...၊ အရပ်ဒေသတစ်ခုခု...။ အချိန်ကာလတစ်ခုခု...။ ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင်ပြလို့မရဘူးဖြစ်နေတယ်။
အော်တိုမစ်တစ်အလွမ်း၊ အော်ရယ်ဂျင်နယ်အလွမ်း၊ အုန်းကျွန်းအလွမ်း၊ မွေးရာပါအလွမ်းဝေဒနာသည်..၊ ခက်တော့ခက်ပါတယ်...။ ဖြေဆေးလေးတစ်ခုခု (မရှိမှန်းသိရက်နဲ့)ရှိရင် ပေးသနားကြပါ...။ ကိုကိုတို့မမတို့ကိုကြည့်ရတာ အလွမ်းပါရမီ၊ အလွမ်းဓာတ်ခံ၊ အလွမ်းရေခံမြေခံ၊ အလွမ်းနယ်ပယ်၊ အလွမ်းပါဆွန်နယ်လတီ.......၊ (ပြောမကုန်တော့ဘူး) အနော့်ထက်ကောင်းပုံရကြတယ်။ အပြည်ပြည်ဆိုင်ရာအလွမ်းဝေဒနာရှင်များအသင်း ဖွဲ့စည်းမည်ဆိုရင်လည်း အနော့်ကို အရံအသင်းဝင်အဖြစ်စဉ်းစားပေးဖို့ မေတ္တာရပ်ခံပါတယ်။ လွမ်းလျှက်......။
Post a Comment