Monday, January 25, 2010

သူမ ဘာကြောင့် ... (၁)

စိတ်ဖိစီးမှုတွေနဲ့ ကြုံရတဲ့အချိန်မှာ အမျိုးသားတွေရဲ့ ကြောင်းကျိုးဆက်စပ်စဉ်းစားတဲ့ logical function တွေက နိုးထလာပြီး အမျိုးသမီးတွေမှာတော့ စကားပြောတဲ့ speech function တွေက activate ဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့ အခါ အမျိုးသမီးဟာ သူမရဲ့ စကားပြောခန်းကို စပါတော့တယ်။ တစ်ခါတစ်လေ မရပ်မနားကို ပြောပါတယ်။ ဟုတ်ပါတယ်။ အမျိုးသမီးတစ်ယောက် စိတ်ဖိစီးမှုများတဲ့အခါ သူမ ပြောတာတွေနားထောင်ပေးမယ့် တစ်စုံတစ်ယောက်ကို တရစပ်ကိုပြောပါတယ်။ သူမဟာ သူမရဲ့ ပြဿနာ စိတ်ညစ်စရာတွေရဲ့ အသေးစိတ် ခရေစေ့တွင်းကျကို သူမနဲ့ ရင်းနှီးသူတစ်ယောက်ကို နာရီပေါင်းများစွာပြောနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မကပါဘူး။