အဲဒီ ကြယ်တစ်စင်းပေါ့
ကောင်းကင်အကြွေကို ထမ်းပိုးရင်း
လောကရဲ့ လျှို့ ၀ှက်ချက်တွေ
ငါတို့ကို လှစ်ပြသွားတယ်။
လင်းပျမှုန်ဝေတဲ့ ရောင်စဉ်တွေနဲ့
နတ်ဘုရားတို့ရဲ့ သံစဉ်တွေသီပြီး
သူ့နှလုံးသားကို လမ်းခင်းလို့
ငါတို့ရဲ့ ၀ိညာဉ်တွေကို
ထွန်းလင်းသန့်စင်စေခဲ့တယ်။
အခုတော့ ညှီစော်နံတဲ့ ကမ္ဘာမြေကို စွန့်ခွာလို့
သူနှစ်သက်တဲ့ သုညလေးလို
ငြိမ်းချမ်းစွာ လဲလျောင်းနေပြီလား . .
အို . . . အလင်းနတ်သား
အမှောင်ကမ္ဘာကို စွန့်ခွာလို့
အမှန်တရားတွေစိုလက်တဲ့နေရာမှာ
ငြိမ်းချမ်းနိုင်ပါစေ . . .
(ဆရာတာရာမင်းဝေအတွက် အမှတ်တရရေးဖြစ်တဲ့ကဗျာပါ။)
2 comments:
ကဗျာလေးကကောင်းလိုက်တာဆိုပြီးတွေးနေတုန်း
အောက်ခြေကစာကြောင်းလေးကိုမြင်လိုက်ရတယ်..
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ..... ။
တကယ်ကို လိုက်ဖက်ညီ ပီပြင်အောင် ရေးဖွဲ့ထားတာကို လေးစားပါတယ်ခင်ဗျာ
(ကျနော်လည်း ဆရာတာရာမင်းဝေ ရဲ့ ပရိတ်သတ်) :)
Post a Comment