Wednesday, December 30, 2009

ရုပ်ရှင် ။ လောက

အပိုဒ်ခွဲ ၁

အလိုမတူပါဘဲ နေကအညှိုးနဲ့သာနေတယ်။
("ထီး" တွေကလည်း "ပါး" လိုက်တာ)
မွန်းကြပ်လောက်အောင် လေငြိမ်ပုံက အသက်ရှူတောင် မဝဘူး။
ဒါမှမဟုတ် ငါကိုယ်တိုင်က အသက်ရှူဖို့ကိုမေ့နေခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။
(ရှူစရာ အသက်မရှိတာလည်း ဖြစ်နိုင်သည်)
ပတ်ဝန်းကျင်က ကြိုးမိန့်စောင့်နေတဲ့ ရာဇဝတ်သားလို စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ထိ တိတ်ဆိတ်နေတယ်။
(ဒီနေ့ ဇာတ်သိမ်းခန်း ထင်တယ်)
ခြေသံတစ်ခုတလေများကြားရမလားလို့နားစွင့်.... ဖွင့်ထားတဲ့ ထမင်းချိုင့်တောင် အပေါ်ယံက ခြောက်သွေ့လာ။
"အားလုံးတိတ်မယ် ။ အသံပါယူရမယ်။"
"ကင်မရာ ဒီဘက်နည်းနည်းလှည့် ၊ မဆိုင်တဲ့လူ မပါစေနဲ့ ၊ မဆိုင်တဲ့လူမပါစေနဲ့"
"မဆိုင်တဲ့လူ?"
"ပါးစပ်ပိတ်ထား ၊ အိုကေ ရယ်ဒီ "


အပိုဒ်ခွဲ ၂

..5..
..4..
..3..
..2..
..1..
"Action"
"ဆူးလေ ဆူးလေ"
"ကွမ်းယာ ဆေးလိပ် ဆေးလိပ် ကွမ်းယာ"
"ငါ နင့်ကို ချစ်တယ်"
"ဒီနေ့ ဒေါ်လာဈေးဘယ်လောက်လဲ"
"မျက်ရည် အစစ်ပဲ သုံးမယ်နော်"
"သံသရာ ဆိုတာ ....."
"နင် ငါ့ကိုမေ့လိုက်တော့"
"ဖြန်း"
"ဒုန်း"
"ဟာ.. ဒိုင်နာနဲ့ ဆလွန်းနဲ့"
"ဟော မြေးလေးတောင်ပြန်လာပြီကိုး ဟောဒီမှာ မောင်xxx က သမီးအတွက်တဲ့....."
"တောက်.. သမီးမိုက်"
" နောက်ဆုံး ကောက်ရိုးလေးကို ငါလွှတ်လိုက်မယ် ။
ဘာလို့လဲဆိုတော့ အဲဒါက လူသတ်လက်နက်တစ်ခု ဖြစ်နေခဲ့လို့ပဲ ။ ပြီးရင်တော့ မျှော်လင့်ချက်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်လို့
တီဗွီမှာ ကြော်ငြာထည့်ရမယ်"

"Cut"

အပိုဒ်ခွဲ ၃

ပြီးသွားပြီလား ...။ ပြီးသွားပြီလား ။ ပြီးသွားပြီထင်တယ်။
ဟုတ်တယ် ပြီးသွားပြီ။ ဒါပေမယ့် ဘာပြီးသွားတာလဲ ။
Scene တစ်ခုလား ဇာတ်လမ်းတစ်ခုလုံးလား။
ဒါ အဆုံးသတ်တစ်ခုပါပဲ။ တစ်ခုရဲ့ အဆုံးဟာ တခြား တစ်စုံတရာရဲ့ စတင်ခြင်းလား ။ ဒါမှမဟုတ် အားလုံး အဆုံးသတ်သွားတဲ့ သဘောလား။
စတင်ခြင်းလား အဆုံးသတ်ခြင်းလား ။ စတင်ခြင်းလား အဆုံးသတ်ခြင်းလား ။ အစတစ်ခုဟာ တစ်ခုခုကို အဆုံးသတ်လိုက်ခြင်း ဖြစ်နိုင်သလို အဆုံးတစ်ခုဟာ တစ်ခုခုကို စတင်ဖို့လည်း ဖြစ်နိုင်တာပဲ။
ဒီလိုဆိုတော့လည်း အစနဲ့အဆုံး အတူတူပါပဲလား ။ (နှစ်ခုစလုံး တကယ်မရှိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ)။
ပြီးသွားပြီ။
Scene တစ်ခုလား ဇာတ်လမ်းတစ်ခုလုံးလား။
နောက် Scene ဆိုရင် ဒီဇာတ်အိမ် ဒီလူတွေပဲပေါ့ ။ အင်း အင်း ..။
နောက် ဇာတ်လမ်းဆိုရင်ကာ။ အင်း ... ဇာတ်အိမ်တော့ ဘယ်တူမလဲ ဒီလူတွေတော့ ပါချင်ပါဦးမှာပေါ့ ။ ပါမှာပါ ဒါပဲ ရှိတာပဲ။
စကားမစပ် ခေါင်းစဉ်က ဘာတဲ့လဲ။ ရုပ်ရှင်လောကလား ။ မဟုတ်ဘူး ။ ရုပ်ရှင်လောက မဟုတ်ဘူး ။ "ရုပ်ရှင် ၊ လောက " (ရုပ်ရှင် ပုဒ်ကလေး လောက) ဖြစ်တယ်
ဟုတ်တယ် ။ ရုပ်ရှင် ၊ လောက

အပိုဒ်ခွဲ ၎

"ကဲ ကဲ ဆက်ရိုက်ရအောင် ဇာတ်ရံတွေသွားခေါ်"
"ဇာတ်ရံမရှိဘူး အကုန်လုံးက ဇာတ်လိုက်ပဲ"
"ဘာကွ"
"ဇာတ်ရံ မရှိဘူး ရှိတဲ့လူတိုင်းက ဇာတ်လိုက်ပဲလို့"
"ဘာပဲ ဖြစ်ဖြစ်ရိုက်တာပေါ့ လာခဲ့ လာခဲ့"
"ဟင့်အင်း နားချင်ပြီ"
"ဘာ"
"နားချင်ပြီ"
"ဘယ်ဖြစ်မှာလဲ"
"ဖြစ်ပါတယ် ဖြစ်ချင်ရင် ဖြစ်ပါတယ်"
"နားချင်ပြီ ..."
"နားချင်ပြီ ..."
"နားချင်ပြီ ..."

2 comments:

ကောက်ရိုးမီး said...

ကဲကဲ ဒီအဖွဲ့ တွေပဲ ဒီလူတွေပဲ အားလုံး နောက်ဇာတ်လမ်း တစ်ပုဒ်အတွက် အဆင်သင့်ပြင်ထား နောက်တပတ်စမယ်။ :P

Anonymous said...

အရိုးဆိုထားတဲ့ ဒါရိုက်တာ သီချင်းလေးသွားသတိရတယ်ဗျာ..။